Monday, December 10, 2012

လက်တွဲညီညီ

တန်ဖိုးရှိသောလက်များလို့ ဆိုချင်ပါတယ်။ သာသနပါလအရုဏ်ဆွမ်းလောင်းအသင်းဟာ ယခုဆိုရင် (၂)နှစ်ပါတော့မယ်။ အကျိုးရှိပုံကို သိချင်ရင် ဆွမ်းတပတ်ကို လှလိုက်ကြည့်ပေါ့။ ကုသိုလ်ပီတိနှင့် ရင်တွင်းမှာဘယ်အရာနှင့်မှ တိုင်းတာလို့ မရသလို သင်ခံစားရလိမ့်မယ်။

သာသနပါလအာရုဏ်ဆွမ်းလောင်း

သာသနပါလအာရုဏ်ဆွမ်းလောင်းအသင်းဟာ ပုလောမြို့အနီးတနားရှိ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်သတင်းသုံးတဲ့ သံဃာတော်အရှင်သူမြတ်အပေါင်းတို့အား စနေနေ့ညတိုင်း ဆွမ်းအစရှိတဲ့ ဘောဇဉ်တွေကို တည်ခင်းချက်ပြုတ်ပြီး တနင်္ဂနွေနေ့ အာရုဏ်တက်ချိန်မှာ ပင့်ဖိတ်ဆွမ်းလောင်းလှူဒါန်းပါတယ်။ ဒီလိုနှင့် တနင်္ဂနွေပတ်တိုင်း ဆွမ်းလောင်းလှူလာခဲ့တာ ပတ်(၁၀၀)ပြည့်တဲ့ နေ့မှာ ဒီဘလော့ကို ဖွင့်ဖြစ်ခဲ့ရတာပါ။ ကိုနေမင်းခေတ် နည်းပညာ ရဲ့ ဘလော့မှ ဘလော့ပြုလုပ်နည်းကို ဖတ်ခဲ့ရလို့(အကူအညီရခဲ့လို့သာ )ဒီ ဘလော့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ကိုနေမင်းခေတ်ကို အထူးကျေးဇူးတင်ပါတယ်လို့ ဒီပို့စ်ကနေ ပြောလိုက်ပါရစေခင်ဗျား။